Revolut Burma:ဖမ်းမိထားသော လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး၏ ထွက်ဆိုချက်များ(ရ

 2023-12-11 03:34:12   1029 author:Revolut Burma

ကရင်နီတွင် ပစ်ချခံရ၍ ပျက်ကျခဲ့သော စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦး နှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း လိမ်လည်ပြောဆိုခဲ့မှု ပိုင်းလော့ ဗိုလ်မှူး ခိုင်သန့်မိုး ဖော်ထုတ် ကရင်နီပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် လေတပ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးအဖွဲ့များက စစ်မေးမှုများအရ ပျက်ကျသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးနှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း ပြောဆိုမှုသည် လိမ်လည်ဝါဒဖြန့်မှု ဖြစ်ကြောင်း သိရှိရသည်။ လွန်ခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီလေတပ် ၏ K 8W အမျိုးစားတိုက်လေယာဉ်ပျက်ကျခဲ့ရာ တိုက်လေယာဉ်မှူး ၂ ဦး လေယာဉ်မှ ခုန်ထွက် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ယင်းလေယာဉ်မှူးနှစ်ဦးထဲမှ ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးဖွဲ့များမှ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အကြမ်းဖက် ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုရာတွင် ပျက်ကျသွားသည့် တိုက်လေယာဉ်မှူးနှင့် တွဲဘက်လေယာဉ်မှူး တို့ကို အဆက်အသွယ်ရရှိထားကြောင်း၊ ကယ်ဆယ်ရန် ကြိုးစားနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် တော်လှန်ရေးအဖွဲ့များ၏ စစ်ဆေးမေးမြန်းမှုများအရ စစ်ကောင်စီနှင့် တိုက်လေယာဉ်မောင်း ပိုင်းလော့ ဗိုလ်မှူးခိုင်သန့်မိုးတို့ မည်သည့် အဆက်အသွယ်မျှ မရရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆက်အသွယ်ရရှိသည်ဟုအကြမ်းဖက်ဇော်မင်းထွန်း၏ ပြောဆိုမှုသည် လိမ်လည် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ K 8W တိုက်လေယာဉ်သည် ကရင်နီပြည်နယ် ဒီးမော့ဆိုရှိ ဘုရားဖြူ ပစ်မှတ်ကို ၂၃ မမ စက်အမြှောက် အချက် ၂၀ နှင့် Rocket ၄ စင်းပစ်ခဲ့ကြောင်း၊ ယင်းနောက် တိုက်လေယာဉ်သည် အချက်ပြ သတိပေးမှု စနစ် (Warning) မြည်လာပြီးနောက် စက်ရပ်သွားကြောင်း ၊မြေပြင်က သေနတ်ဖြင့် ပစ်ခတ်မှု သို့မဟုတ် စက်ချွတ်ယွင်းမှုလားဆိုသည်ကို သဲသဲကွဲကွဲ မသိကြောင်း၊ စက်ရပ်သွားသည်နှင့် တိုက်လေယာဉ်ကနေ ခုန်ထွက်ခဲ့ကြောင်း တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ကဆိုသည်။ တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးသည် တိုက်လေယာဉ်မှ ခုန်ထွက်ပြီး မြေပြင်မှ သေနတ်သံများ နီးကပ်စွာ ဆက်တိုက် ပစ်ခတ်နေသည်ကို ကြားနေရ၍ ပစ္စတိုသေနတ်နှင့်အရေးပေါ်သုံး ပစ္စည်းများ ကို လေထီးပေါ်မှ ဖြုတ်ချခဲ့ရ ကြောင်း ၎င်းက ထွက်ဆိုသည်။ ပျက်ကျသွားသည့် တိုက်လေယာဉ်ပေါ်မှ အတူတူခုန်ထွက်ခဲ့သည့် တွဲဖက်လေယာဉ်မှူး ဗိုလ်ဇာနည်ထက်မောင် နှင့်လူစုကွဲသွားပြီး တောထဲတွင် တစ်ပတ်ခန့် လမ်းပျောက်နေခဲ့ကြောင်း၊ လမ်းတွင်တွေ့သည့် အသီးအနှံ့များစားသောက်ခဲ့ရပြီး တောင်ယာတစ်ခုတွင် အစားအသောက်လာရှာရမှာ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းကဆိုသည်။ ၎င်းအနေဖြင့် တော်လှန်ရေးအဖွဲ့များက ပေးသည့် ပြစ်ဒဏ်ကို ခံယူသွားမည်ဖြစ်ပြီး မိသားစုဖြင့်ပြန်လည်ဆုံတွေ့လိုကြေင်း၊ ယင်းပြစ်ဒဏ်ပြီးပါက အိမ်ပြန်လိုကြောင်း၊သားနှင့်သမီးကို ဖခင်မဲ့သူများ မဖြစ်စေလိုကြောင်း ဗိုလ်မှူးခိုင်သန့်မိုးကပြောသည်။ #လေယာဉ်မှူး #interview #လိမ်လည်ဝါဒဖြန့် #ဇော်မဲလုံး #ဝါဒဖြန့် #စစ်ကောင်စီ #ကရင်နီ #တိုက်လေယာဉ် #y8 #ဗိုလ်မှူး#ခိုင်သန့်မိုး #နေ့စဉ်သတင်း #သတင်း #နိုင်ငံရေး #စစ်ပွဲ #အညံ့ခံ #ဘောမ #မိုင်းလုံစခန်း #တပ်ပြေး #လေယာဉ်နဲ့ဗုံးကျဲ #ထုံခါရဲဘက်စခန်း#တိုက်ပွဲပြင်းထန် #မအလ #မင်းအောင်လှိုင် #စစ်ကောင်စီ #လက်နက်ချ #ဆိုးအောက် #၁၀၂၇ #1027 #၁၁၁၁ #mndaa #aa #tnla #စစ်ကိုင်း #ကရင်နီ #ချင်း #မအလ #စစ်ကောင်စီ #သိမ်းပိုက် #ညီနောင်သုံးဖွဲ့ #ညီနောင်၃ဖွဲ့ #knu #knla #pdf #kndf #cdf #မြို့သိမ်းတိုက်ပွဲ #revolut #burma #revolutburma #ရှမ်းမြောက် #စခန်းသိမ်း

Tag:RevolutBurma
recommended video
Hoje veremos o Lokis fazer comidinha na panela.
DATA:2023-12-05 02:26  Read: Lokis
The song "Your Angel Steps Out of Heaven" by George Jones is a heartfelt country ballad that tells a story of a man who believes he has found an angel in his wife
DATA:2023-12-29 06:29  Read: George Jones
FIQUEI FORTE no MINECRAFT para enganar minha AMIGA!★ Se curtiu o vídeo, deixe o seu l
DATA:2023-08-11 23:21  Read: Marcelodrv
The song "Black Widow" by U
DATA:2023-12-31 14:25  Read: U.D.O.
The song "On My Way Home" by Joe Cocker tells the story of a person who is ready to leave their current situation and return to their true home
DATA:2024-01-17 23:08  Read: Joe Cocker
For the first time ever, drag queens Trixie Mattel and Katya host their first I LIKE
DATA:2023-07-15 13:30  Read: Still Watching Netfl

Copyright © 2022 Little Rabbit video Inc. all rights reserved。

The page takes 0.0199 ms, the memory occupies 304.21 KB, and the database is accessed 18 times